Recent News

ကွယ်လွန်သွားတဲ့ ခင်ပွန်းကို ပင့်သက်ရှိုက်မိတိုင်းလွမ်းနေတယ်လို့ ကြေကွဲစွာရေးသားလာတဲ့ ဇနီးဖြစ်သူ ရွှေရည်သိန်းတန်..


 ကွယ်လွန်သွားတဲ့ ခင်ပွန်းကို ပင့်သက်ရှိုက်မိတိုင်းလွမ်းနေတယ်လို့ ကြေကွဲစွာရေးသားလာတဲ့ ဇနီးဖြစ်သူ ရွှေရည်သိန်းတန်..


အဆိုတော် ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းကတော့ ကိုဗစ်ရောဂါနဲ့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကောင်းရာမွန်ရာရောက်အောင် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးရင်း တရားနဲ့ ဖြေသိမ့်နေရကြောင်း ရွှေရည်သိန်းတန်မှ ဆိုပါတယ်။ကွယ်လွန်သွားတာ (၂) လပြည့်သွားပေမယ့် ခင်ပွန်းဖြစ်သူကို တစ်နေ့မှ မေ့မရဘဲ အသက်ရှုလိုက်တိုင်း တမ်းတလွမ်းဆွတ်နေကြောင်းကိုလည်း အခုလို ဖွင့်ဟလာခဲ့ပါတယ်။


” မုန်းလည်းမရ..မေ့ဖို့မလွယ်..ရစ်ပတ်နွယ်ထား.ချစ်ခြင်းတရားကနီးဝေးမဟူ..မီးလိုပူ၏..မည်သို့ပူစေ..ချစ်ကား ချစ်၏.လွမ်း ကား လွမ်း ၏ အချိန်မလပ် ပင့်သက်ရှိုက်တိုင်းလွမ်းပါသည်..မျက်ရည်ကျတိုင်း ချစ်သူအေးစေ..ဆုမွန်ခြွေရင်း…ကျန်ရစ်သူအလွမ်းမျက်ရည်တွေခမ်းလုပါပြီမောင်ရယ်🥺S.Y.T.T ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်တွင် ဝမ်းနည်းစာလေး ရေးသားထားတာ ဖြစ်ပါတယ်။


သူတို့ ဇနီးမောင်နှံနှစ်ယောက် တည်ထားတဲ့ စေတီမှာလည်း ခင်ပွန်းအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေခဲ့ပြီး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်စေဖို့ ဆုတောင်းမေတ္တာပို့သပေးနေတာ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ရွှေရည်သိန်းတန်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် နှစ်သိမ့်စကားလေးတွေ ပြောပေးသွားကြပါဦးနော်။


crd

@2017-2024 thadinmann.com. Powered by Blogger.