အမ်စတာဒမ်မြို့လေးရဲ့ အထင်ကရနေရာကို ပျော်ပျော်ပါးပါး လည်ပတ်ခဲ့စဥ်တုန်းက ချစ်စရာ အမှတ်တရလေးကို ချပြလာတဲ့ မိုးဟေကို


 မင်းသမီးချောလေး မိုးဟေကိုကတော့ ဗီဒီယိုတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေ အများစွာရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း အနုပညာအလုပ်တွေအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင်  မိုးဟေကိုက  ကိုယ်ပိုင်ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးတစ်ခုကို တည်ထောင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။






မိုးဟေကို က သေးသေးသွယ်သွယ် ကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ လှပချောမောနေသူပဲ ဖြစ်ပါတယ်။ ပြည်ပခရီးစဥ်တွေကို မကြာခဏသွားလေ့ရှိပြီး ရောက်တဲ့ နေရာတိုင်းမှာလည်း အမှတ်တရ ပုံလေးတွေရိုက်ကူးပြီး ပရိသတ်တွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း လွမ်းနေတဲ့ ပရိသတ်တွေအတွက် မိုးဟေကို က အရင်က အမှတ်တရလေးတွေကို ဖော်ပြလာခဲ့ပါတယ
ဒီပုံလေးတွေနဲ့လည်း မိုးဟေကိုက " ကဲ… အရင်တစ်ပတ်က အမ်စတာဒမ်မှာ လျှောက်လည်ရတာ မဝသေးလို့ဒီတစ်ပတ်လည်း မိုးနဲ့ အတူတူ အမ်စတာဒမ်ကို လိုက်ခဲ့ကြနော်...အမ်စတာဒမ်မှာ တူးမြောင်းတွေက ၇ခုတောင်ရှိတဲ့ ခရီးသွားဧည့်သည်တွေက လှေလေးတွေနဲ့ တစ်မြို့လုံးကို လျှောက်ကြည့်ကြတာပေါ့ တူးမြောင်းလေးတွေနဲ့ တံတားလေးတွေကို သဘောကျလွန်းလို့ အဲ့နားလေးတွေမှာပဲ ဓာတ်ပုံတွေအများကြီးရိုက်လာခဲ့တယ်"ဆိုပြီး ရေးသားထားပါတယ
credit-mmload