အဆိုတော်မလေး ပိုပိုကတော့ သွက်လက်တက်ကြွတဲ့ပင်ကိုယ်စတိုင်လ်နဲ့အတူ အမြဲတမ်းပြုံးရွှင်နေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ပိုပိုက "ချစ်ဖူးခဲ့သမျှ" ဆိုတဲ့ ပထမဆုံးသီချင်းခွေလေးမှာတင် အရမ်းနာမည်ကြီးပြီး လူသိများအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ဆက်တိုက်ကြိုးစားခဲ့တဲ့ ပိုပိုက တေးသီချင်းကောင်းများစွာကို ဖန်တီးသီဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။
ပိုပိုက သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပပြီး အမိုက်စား Body လေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပိုပိုက ယောက်ျားလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အခိုင်အမာရရှိနေတာ ဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင် အေးအေးဆေးဆေးနေတတ်တဲ့ ပိုပိုက အခုတော့ ရည်းစားဟောင်းအတွက် စကားတစ်ခွန်းမှာလိုက်တာ ဖြစ်ပါတယ် ။
ပိုပိုက မကြာသေးခင်ကပဲ "I'm Single" ဆိုပြီး လမ်းခွဲလိုက်ပြီဖြစ်တဲ့ သူမရဲ့အချစ်ရေးကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း ပိုပိုက "သို့ ရည်းစားဟောင်းသိဖို့ နင်နဲ့ငါ လမ်းခွဲလိုက်ပြီဆိုပေမယ့် (၁)နှစ်ပြည့်အတွက် ငါ့ကိုလက်ဆောင်အကြွေး ကျန်သေးတယ်လေ အဲ့ဒါဒါလေး ငါ့ကိုဝယ်ပေးသွားဦး လမ်းခွဲတာက လမ်းခွဲတာပဲ လက်ဆောင်အကြွေးက လက်ဆောင်အကြွေးပဲဝယ်ပေး " ဆိုပြီး ပုံလေးနဲ့အတူ တင်ထားတာဖြစ်ပြီး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-ဝတ်ရည်မိုး's FB Acc