စာအုပ်မဝယ်နိုင်လို့ ငှက်ပျောရွက်လေးတွေနဲ့ စာရေးနေရတဲ့ သနားစရာ ကျောင်းသားလေး

 ကျောင်းသားအများစုဟာ သူတို့မိဘတွေက စာရေးကိရိယာတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးကြတဲ့အတွက် မကြောင့်မကြပဲနေနိုင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းသားတွေကတော့ ကံမကောင်းကြရှာပါဘူး။

အဲ့ဒီထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ဆင်းရဲနွမ်းပါးမှုကို အရှုံးမပေးခဲ့ပါဘူး။ သူက ကျောင်းစာအုပ်ဝယ်ဖို့ မတတ်နိုင်တဲ့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ကြံဖန်ခဲ့ပါတယ်။ ဘယ်လိုဖန်တီးခဲ့လဲဆိုတော့ သူဟာ ငှက်ပျောရွက်တွေကိုရှာပြီး စာအုပ်အဖြစ်သုံးပြီး မှတ်စုတွေကို လိုက်ရေးခဲ့ခြင်းပဲဖြစ်ပါတယ်။အဆိုပါ ကျောင်းသားလေးဟာ ဖိလစ်ပိုင်မှာရှိတဲ့ Lianga National Comprehensive School မှာ ပညာသင်ယူနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။




သူက ရေးစရာမှတ်စုစာအုပ်ဝယ်ဖို့မတတ်နိုင်တဲ့အခါမှာ သူ့ရဲ့လုံ့လဝီရိယကို သက်သေပြခဲ့ပါတယ်။ လိမ်မာပါးနပ်တဲ့ အဲ့ဒီကောင်လေးဟာငှက်ပျောရွက်အချို့ကိုယူပြီး စာရေးဖို့စာရွက်အဖြစ်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီကောင်လေး ရဲ့ ရိုးသားကြိုးစားတဲ့အကြောင်းကိုသူ့ရဲ့ဆရာမက ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဆရာမက ကျောင်းသားတွေကို မှတ်စုတွေလိုက်ရေးခိုင်းထားပြီးလိုက်လံကြည့်ရှုတဲ့အခါ ငှက်ပျောရွက်နဲ့ စာရေးနေတဲ့ ကျောင်းသား‌လေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။



ဒါပေမယ့် အဲ့ဒီကျောင်းသားလေးကဘာကိုမှ ရှက်ရွံ့နေခြင်း မရှိဘူးလို့ သူ့ရဲ့ဆရာမကပြောပါတယ်။ ဒါတင်မကပဲ ဆရာမကို သူရေးထားတဲ့မှတ်စုတွေ မှန်ကန်ရဲ့လားဆိုတာစစ်ကြည့်ပါဦးလို့တောင် နောက်ပြောင်ခဲ့ပါသေးတယ်။ယခုအခါမှာ ကျောင်းသားလေးရဲ့ အရှုံးမပေးတဲ့ တီထွင်ကြံဆမှုကိုလူတွေကအားပေးထောက်ခံနေကြပါတယ်။ အဲ့ဒီကျောင်းသားလေးက သူကြီးလာတဲ့အခါ စစ်သားကြီးဖြစ်ချင်တယ်လို့ ပြောပါတယ်။သူ့မိသားစုက အလွန်ဆင်းရဲသော်လည်း သူကတော့ သူ့ရဲ့အိမ်မက်တွေကို ဆင်းရဲမွဲတေမှုကြောင့် အပျက်အစီးမခံဖို့ ဆုံးဖြတ်ထားပုံရပါတယ်။အဲ့ဒီကျောင်းသားလေးရဲ့ဘဝက ဆင်းရဲခြင်းဟာ အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အလွန်ကြီးမားတဲ့အနှောင့်အယှက်လို့ တွေးနေသူတွေအတွက်တော့ စဉ်းစားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး ကျောင်းသားလေးက သူ့ရဲ့ဘဝပန်းတိုင်ကို‌ရောက်ဖို့အတွက် ဆက်လက်ကြိုးစားသွားမယ်လို့ မျှော်လင့်ရပါတယ်…။ ။credit-