သာယာ လှပလွန်း တဲ့ ရူခင်းတွေ နဲ့ တန်ခိုးကြီးလွန်း တဲ့ ပုဂံဘုရားတွေ ရှိရာကို သွားရောက် ခဲ့ တဲ့ ပုံလေးတွေ ကို မျှဝေလာ တဲ့ ခေးဆက်သွင်
သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင် ကတော့ ပရိသတ်တွေကြားမှာ MRTV-4 ဇာတ်လမ်း တွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ် ။ အချစ်၊အလွမ်း၊ဟာသ ၊ဗီလိန်စတဲ့ ဇာတ်ရုပ်မျိုးစုံ ကို တိကျပိုင်နိုင်ပြီး ပီပြင်အောင်ဖန်တီးနိုင်တာကြောင့်လည်း ခေးဆက်သွင်က ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးမှု ကို ရရှိ လာခဲ့တာ ဖြစ်ပါတယ် ။ သူမရိုက်ကူးခဲ့ တဲ့ ဇာတ်လမ်းတွဲလေးတွေထဲမှာတော့ “အရိပ်၊ဆုံစည်းခြင်းမိုးတိမ်များ၊ နှင်းဆီ” စတဲ့ဇာတ်လမ်းတွဲလေးတွေက အရမ်း ကိုအောင်မြင်ခဲ့တာကိုလည်း တွေ့ရပါတယ်နော်။
ဟန်ဆောင်မှုမရှိ ပျော်ပျော် နေတတ်ပြီး သူငယ်ချင်းတွေ အပေါ်မှာလည်း အနစ်နာခံတက်တဲ့ ခေးဆက်သွင်က လူချစ်လူခင်ပေါများသူလေးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင်ခေးဆက်သွင်က ရုပ်ရည်လေးက ပြစ်ချက်မရှိ ချောမောလှပတဲ့အပြင် ဆံပင်အတိုလေးနဲ့လည်း စတိုင်ကျကျလှနေတာ ဖြစ်ပါတယ် ။ ယနေ့ မှာတော့ ခေးက ပုဂံဘုရားတွေ ကို သွားရောက်ဖူးမြော်ရင်း အမှတ် တရပုံလေးတွေ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။သာယာလှပလွန်း တဲ့ ရူခင်းတွေနဲ့ တန်ခိုးကြီး လွန်းတဲ့ ဘုရားတွေကြောင့် ခရီးသွားတွေများပြားလွန်းနေ တဲ့ ပုဂံကို ခေးဆက်သွင်က ရောက်ရှိနေတာပါ။ ပေါ့ပါးလှပတဲ့ ဂါဝန်အရှည်လေးကို ဝတ်ဆင်ကာ ချစ်စရာကောင်းလွန်းနေတဲ့ ခေးက ပိုစ့်မျိုးစုံပေးနေခဲ့တာပါနော်။ ခေးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှရက် လွန်းနေ တာ မို့ ချစ်ပရိသတ်တွေ ကြည့်ပြီး အရင်က ထက် အချစ်ပိုမိစေမှာ အသေအချာ ပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။Photo credit – Thein Min Zaw
Source – Khay Sett Thwin’s Fb account