“ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ အရေးကြီးတဲ့အချက် ကိုပြောပြအကြံပေးလိုက်တဲ့ အေးငြိမ်းဆွေ”

 CeleConnectionsပရိသတ်ကြီးရေ အေးငြိမ်းဆွေကတော့ Miss Myanmar International( 2015 ) ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Miss တစ်ယောက် ပဲ ဖြစ်ပါတယ်။ လူကလည်း အပြစ်ပြောရက်စရာမရှိအောင်လှပတဲ့အပြင် စိတ်ထားလေးလည်းကောင်းမွန်လှတဲ့အေးငြိမ်းဆွေကတော့ အိမ်ထောင်ရေးမှာလည်း ပျိုမေတိုင်းအားကျရတဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ခဲ့တာပါ။

 ရည်းစားသက်တမ်းအချိန်တိုတွင်းမှာ လက်ထပ်ခဲ့ကြပေမယ့် အခုလို အိမ်ထောင်သက်တမ်းကြာလာတဲ့အချိန်ထိ အလိုလိုက်ခံရကာ အပူအပင်မရှိတဲ့ အိမ်ထောင်ရှင်မဘဝလေးကိုရရှိနေသူလို့ဆိုရမှာပါ။ဒီနေ့မှာတော့ “ကိုယ့်လက်တွဲဖော်ကို သေချာရွေးပါ ။ဒီဆုံးဖြတ်ချက်ကနေ ကိုယ့်ဘဝရဲ့ ၉၀ရာခိုင်နှုန်းသောပျော်ရွှင်မှုတွေ (သို့) စိတ်ဆင်းရဲခြင်းတွေ လာမှာမို့ပါ ”ဆိုတဲ့စာလေးနဲ့ သူမရဲ့ပရိသတ်တွေကို အကြံပေးစကားလေးပြောကြာခဲ့တာပါ။
အဘက်ဘက်ကပြည့်စုံတဲ့ အေးငြိမ်းဆွေရဲ့အိမ်ထောင်သည်ဘဝလေးကိုအားကျရင် အေးငြိမ်းဆွေပြောတဲ့ အချက်လေးကိုလိုက်နာပြီး အိမ်ထောင်ဖက်ရွေးချယ်ကြဖို့တိုက်တွန်းလိုက်ပါတယ်CeleConnectionsပရိသတ်ကြီးရေ။ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source:AyeNyein Swe
Candy -CeleConnections