နာမည်ကျော် Beauty Bloggerတစ်ဦးဖြစ်တဲ့ နေခြည်ဦးကို CeleConnectionsပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နေခြည်ဦးကတော့ ကျွမ်းကျင်တဲ့အလှပြုပြင်ဖန်တီးမှုလေးတွေကို မျှဝေရုံသာမက သရုပ်ဆောင်မှုပိုင်းမှာအောင်မြင်လာတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ကြော်ငြာတွေနဲ့ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေရတာတွေ တွေ့ရမှာပါပဲနော်။
နေခြည်ဦးကတော့ ပရိသတ်တွေကို ကျွမ်းကျင်တဲ့ အလှပြုပြင်မှုတွေကို မျှဝေပေးထားတဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း နေခြည်ဦးက“မနက်နိုးတာနဲ့ Lemon Waterသောက် Yoga တစ်နာရီဆော့ပြီးရင် work out ခဏလုပ်တယ်။ နှစ်ဆယ်ကျော်မှာမှ နေခြည်အခြေခံမတည်ဆောက်ထားရင် သုံံးဆယ်ကျော်မှာ Fit ဖြစ်ဖို့မလွယ်ဘူးလေ”လို့ဆိုပြီး သူမရဲ့ work outလုပ်နေတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။
CeleConnectionsပရိသတ်တွေအတွက် နေခြည်ဦးက အသက်နှစ်ဆယ်အရွယ်မှစပြီး workoutလုပ်သင့်ကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း နေခြည်ဦးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။
Soure….Beautyby Naychi’s Facebook
Angella(CeleConnections)