ကာရာအိုကေခန်းထဲမှာ အားရပါးရသီးချင်းအော်ဆိုနေရင်း ဦးနှောက်သွေးကြောပေါက်သွားခဲ့ရတဲ့ အမျိုးသမီး

 တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 55နှစ်အရွယ် အမျိုးသမီးဟာ ကာရာအိုကေခန်းထဲမှာကီးမြင့်လွန်းတဲ့သီးချင်းတွေအော်ဆိုခဲ့ရင်းနဲ့ အသက်သေဆုံးတော့မလိုဖြစ်ခဲ့ရပါတယ် ။ Zhang အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ ပြီးခဲ့တဲ့ June 5 ရက်နေ့က ကီးမြင့်တဲ့သီးချင်းတွေအော်ဆိုရင်း ရုတ်တရက်ဦးခေါင်းကိုက်ခဲလွန်းပြီး ၊ အော့အန်ကာ မေ့လဲသွားခဲ့ပါတယ် ။ ထို့ကြောင့်သူမကို အလျင်အမြန် Dalian Municipal Central ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ရပါတယ် ။





ရလဒ်အနေနဲ့ သူမရဲ့ဦးနှောက်ထဲမှာရှိတဲ့ aneurysm ဆိုတဲ့ သွေးကြောလေးတွေရဲ့နံရံဟာ 2.5 မီလီမီတာအထိ ပေါက်ပြဲသွားခဲ့လို့ သူမဟာ 2နာရီခန့်အရေးပေါ်ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရပြီး အသက်ရှင်ခွင့်ရရှိခဲ့ပါတယ် ။


ဆရာဝန်တွေရဲ့ပြောပြချက်အရ Ms Zhang ရဲ့ဦးနှောက်ထဲမှာရှိနေတဲ့ aneurysm သွေးကြောဖုလေးဟာ ရှိနေခဲ့တာအတော်ကြာနေပြီဖြစ်ပြီး ၊ မည်သည့်လက္ခဏာမှ မပြခဲ့တာဖြစ်တဲ့အတွက်ကြောင့် သတိမထားမိခဲ့တာပါ ။ ယခုလို ကီးမြင့်လွန်းတဲ့သီးချင်းတွေ အော်ဆိုခဲ့ပြီးချိန်မှာတော့ Ms Zhang ဟာ သွေးဆောင့်တက်သွားခဲ့ပြီး ၊ ဆီချိုရောဂါပါအခံရှိနေခဲ့တဲ့အတွက် ယခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် ။ ပုံမှန်ကီးမြင့်တဲ့သီချင်းတွေဆိုရုံနဲ့တော့ ယခုလိုအဖြစ်မျိုးဖြစ်ပျက်မှာ မဟုတ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz