အဓိပ္ပါယ်မရှိ၊ တန်ဖိုးမရှိတဲ့ လူတွေကြောင့် သူမရဲ့ ပျော်ရွှင်မှုတွေထိခိုက်ခဲ့ရတယ်လို့ ရင်ဖွင့်လာတဲ့ ခြူးလေး
ချစ်စရာကောင်းပြီး အမြဲတမ်းပြုံးနေတတ်တဲ့ ခြူးလေးက MRTV 4 ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများ အောင်မြင်လာတဲ့ မင်းသမီးတစ်လက်ပါ။ လူလေးလှသလို ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ခြူးလေးက Tik Tok အသုံးပြုသူတွေကြားမှာလည်း ရေပန်းစားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေက Tik Tok ဘုရင်မလို့တောင် တင်စားကြရတဲ့အထိပါပဲ။ ခြူးလေးကလည်း နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။
အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ခြူးလေးက ဒီနေ့မှာတော့ သူမအပေါ်ကို မကောင်းတဲ့သူတွေကြောင့် စိတ်ထိခိုက်ဝမ်းနည်းနေရတဲ့အကြောင်းလေးကို ပြောထားပါတယ်။ ခြူးလေးက “အဓိပ္ပါယ်မရှိ တန်ဖိုးမရှိတဲ့ လူတွေကြောင့် ကျွန်မရဲ့ ပျော်ရွှင်မှုတွေ ထိခိုက်လိုက်ရတာ လုံးဝ မတန်ဘူး” ဆိုပြီး သူမရဲ့ ခံစားချက်လေးကို မျှဝေထားပါတယ်။
ခြူးလေးကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးခြင်းတွေ ရပ်နားထားပေမယ့် ကြော်ငြာတွေနဲ့ ဓာတ်ပုံတွေကိုတော့ ရိုက်ကူးနေလျက်ရှိပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Source: Chue Chue’s fb
Bilie – Cele Connections