မေ့ချစ်သက်ကတော့ ကလေးဘဝကတည်းက ပိုင်နိုင်တဲ့အဆိုပညာနဲ့ ဂီတခရီးလမ်းကို လျှောက်လှမ်းလာသူတစ်ယောက်ပါ။ ဆံပင်ရှည်ရှည် ရိုးရိုးယဉ်ယဉ်လေးနဲ့ မြန်မာသံစဉ်တွေကို အသားပေးဆိုလေ့ရှိတဲ့ မေ့ချစ်သက်ကတော့ ဘာသာတရားရိုသေကိုင်းရှိုင်းပြီး အလှူဒါနဘက်လည်း မလျော့သူတစ်ယောက်ပါ။
သူကတော့ လတ်တလော Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလမှာ တစ်တပ်တစ်အားအနေနဲ့ တောင်ဥက္ကလာဆေးရုံက Qurantine ဝင်နေတဲ့လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အပတ်စဉ်အာဟာရဒါနလှူဖို့ ဆုံးဖြတ်ခဲ့ပြီး မေလ(၁၇)ရက်နေ့မှ စတင်ကာ လှူဒါန်းခဲ့တာ အခုဆိုရင် သုံးကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ။
ချစ်ခင်ရတဲ့ ပရိသတ်တွေနဲ့ စုပေါင်းပြီး ရရှိလာတဲ့အလှူငွေတွေကို အာဟာရဒါနအဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးနေတဲ့ မေ့ချစ်သက်ရဲ့စိတ်ထားကတော့ လေးစားစရာပါပဲ ပရိသတ်ကြီးရေ.. ငယ်ရွယ်တဲ့အနုပညာရှင်တစ်ယောက်ပေမယ့် မြန်မာနိုင်ငံရဲ့ Covid019 ကာလမှာ အတတ်နိုင်ဆုံးပါဝင်ကူညီနေတဲ့ မေ့ချစ်သက်ရဲ့အလှူလေးကို သာဓုခေါ်ပေးခဲ့ကြပါဦးနော်။
Source – မေ့ချစ်သက် M Chit Thet
Rainbow- Cele Gabar