ကိုလံဘီယာက မော်ဒယ်တစ်ယောက်ဟာ သူမခင်ပွန်းရဲ့ ရှစ်လရှိနေပြီဖြစ်တဲ့ ဗိုက်ကိုနမ်းနေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ အဆိုပါမော်ဒယ်က ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာသော်လည်း မိန်းမတစ်ယောက်အဖြစ်ခံယူထားသူပါ။ ၎င်းနည်းတူပဲ သူမရဲ့ယောက်ျားဖြစ်သူကလည်း မိန်းမတစ်ယောက်အဖြစ်မွေးဖွားလာပြီး ယောက်ျားတစ်ယောက်လို ပြုမူနေထိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းမော်ဒယ်က
အင်စတာဂရမ်ပေါ်မှာ သူမရဲ့ဖော်လိုဝါတွေကို အချစ်ဆိုတာ အချစ်ပါပဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေမျှဝေခဲ့တာပါ။ သူမရဲ့ယောက်ျားဖြစ်သူက ဗိုက်ကအရမ်းတင်းနေတဲ့အတွက်ကြောင့် စောပြီးမွေးမယ်လို့ ထင်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာ ဆေးရုံကိုသွားပြီး ဆရာဝန်နဲ့ပြခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်က ဒီလိုဖြစ်စဉ်တွေက ရှစ်လအရွယ်မှာ ဖြစ်လေ့ရှိတဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်တွေဖြစ်ကြောင်းနဲ့ သန္ဓေသားကအရမ်းကြီးနေတဲ့အတွက်ကြောင့်ဗိုက်ကအရမ်းတင်းနေတာဖြစ်မယ်လို့ ရှင်းပြခဲ့ပါတယ်။ နှစ်ယောက်စလုံးပြုံးနေပြီး လက်ထဲမှာ ကိုယ်ဝန်စစ်တဲ့ပစ္စည်းလေးကိုကိုင်ထားတဲ့ပုံလေးကို အိမ်မက်တွေတကယ်ဖြစ်လာပြီဆိုတဲ့စာသားလေးနဲ့ သူတို့ရဲ့ကိုယ်ဝန်
အကြောင်းကို မိန်းမဖြစ်သူက လူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။ သူတို့စုံတွဲကို အားလုံးကအကောင်းမြင်စိတ်နဲ့ အားပေးခဲ့ကြပါတယ်။သူတို့ကို အားပေးသူတစ်ယောက်ကလည်း ကွန်မန့်မှာ သူတို့အရမ်းလှတယ်။ သူတို့ကကမ္ဘာမှာရှိတဲ့ ထောင်ပေါင်းများစွာသောစုံတွဲတွေကို ခွန်အားသတ္တိတွေပေးနေသလိုပါပဲ လို့ ရေးသားခဲ့ပါတယ်။ သူတို့ရဲ့ကလေးလေးဟာ နောက်အပတ်အနည်းငယ်လောက်မှာ သူတို့ဆီရောက်ရှိလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ပြီးတော့ သူ့အတွက် အေရီယယ်ဆိုတဲ့ နာမည်လေးလဲ ပေးဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ သူတို့အတွက် အကောင်းဆုံးတွေဖြစ်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ခရက်ဒစ်