ဝေဖန်နေကြတဲ့ လူတစ်ချို့ကို ခက်ခဲတဲ့ ဘဝအခြေအနေကို နားလည်ဖို့ သူတတ်ကျွမ်းတဲ့ ဂီတလေးနဲ့ ဖော်ပြကာ သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို အဆိုတော် ယုန်လေးက တွေ့ရှိခဲ့ပြီး ဒီနေ့ မတ်လ (၃၁)ရက်နေ့မှာတော့ “ကဲ Min Z ဆိုတဲ့ ဒီညီလေး ကိုဝန်းရံ လိုက်ကျရအောင်.။ ကျွန်တော် ကိုရန်ချမ်း Share တာဝင်နားထောင်လိုက်ပြီး သူဆိုထားတဲ့ ငါတာဝန်ယူထားရတဲ့ မိသားစု က (၈)ယောက်စာရှိတယ်.. ဆိုတဲ့ ကာရံ Bomb မှာ စိတ်မကောင်းဖြစ်မိသွားတယ် … Rap ထဲမှာ နေပြန်တိုးနဲ့ အကြွေးဆပ်ရမှာလည်းပါတော့.။ ကိုယ်လည်း ပေါများနေတဲ့ လူမဟုတ်ပါဘူး ..။ ဘာဝင်ငွေမှလည်း မရှိတော့ပါဘူး .။ ကျွန်တော်မှာ ဒါပေမယ့်လည်း သူတို့ အပူရှင်းသွားရင် သူတို့စိတ်တွေပေါ့ပြီး ပျော်သွားတာလေးမြင်ချင်မိတယ် . ။ နေပြန်တိုးနဲ့ အကြွေးလေး ညီအစ်ကို အရင်းစိတ်နဲ့ ကူဆပ်ပေးလိုက်ပါတယ် .။ ဒီကပ်ဆိုးတွေ ပြီးသွားရင်လည်း တက်နိုင်သလောက် အနုပညာဘက်မှာ ကူညီပေးပါ့မယ် ညီလေးရေ .။
fighting . . . . အခြေခံလူတန်းစားတွေ အများကြီးရှိမယ်ဆိုတာ သိပါတယ် . ။ အကုန်ကြပ်တည်းနေမယ် ဆိုတာလည်း သိပါတယ် .။ ကျွန်တော်တို့လည်း လက်လှမ်းမှီသလောက် တက်နိုင်သလောက်ပေါ့ဗျာ . ။ တကယ် ကျွန်တော်လည်း လူချမ်းသာတစ်ယောက်ဆိုရင်တော့ တစ်ယောက်မကျန် အကုန်ကူချင်တာပေါ့ဗျာ .။ အားလုံး အဆင်ပြေကျပါစေ။ ကပ်ဆိုးကြီး အမြန်ပြီးလို့ ပုံမှန် ပြန်လည်ပတ်နိုင်ပါစေ ။” ဆိုပြီး Min Zဆိုတဲ့ ကောင်လေးအတွက် ကူညီပေးခဲ့တဲ့အကြောင်းလေးကို ယုန်လေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ယုန်လေးကတော့ သူတတ်နိုင်တဲ့ ဘက်ကနေ Min Zဆိုတဲ့ ကောင်လေးအတွက် အကူအညီလေးကို ပေးခဲ့တာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း မန္တလေးက ရွက်ပုန်းသီး လေး Min Zရဲ့ “stay at home ရင် နေ့ထွက်ရှုံးမယ့် ဘဝ”သီချင်းဗီဒိယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Yone Lay’s Facebook
Sakura(Cele Connections)