တတ်နိုင်သမျှ Self quarantine လုပ်ဖို့ တိုက်တွန်းလိုက်တဲ့ နန်းစန္ဒာလှထွန်း

 အလှမယ်တစ်ယောက်အဖြစ်ကနေ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ တတ်နိုင်သမျှ Self quarantine လုပ်ဖို့ကို “Local Transmission ကတကယ်စနေပါပြီ။ မြဝတီဖက်ကဝင်လာတဲ့လူအုပ်မှာတင် ဘယ်နှယောက်လောက်ကူးစက်နေပြီလည်း မသိနိုင်ပါဘူး။ ဒါကြောင့် ခုချိန်မှာ တတ်နိုင်သမျှ self quarantine လုပ်ပါ။ ကိုယ့်ဆီ မကူးစက်အောင် အတတ်နိုင်ဆုံးနေပါ ။

 ကိုယ့်ဆီမကူးစက်မှလည်း ကိုယ့်အနီးအနားကလူတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ တတ်နိုင်သမျှ self quarantine လုပ်ခြင်းအားဖြင့် ရောဂါပိုးဆက်လက်မပျံ့နှံဖို့ ပါဝင်ကြရအောင်နော်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တိုက်တွန်းဖော်ပြထားပါတယ်။ MRTV-4 ရဲ့ဇာတ်လမ်းတွဲမင်းသမီးတစ်ယောက်အနေနဲ့ လူသိများလာတာဖြစ်ပြီး “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာ “ရေဝတီ”ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်ရဲ့ရင်ထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ COVID-19 ရောဂါပိုးကူးစက်ပြန့်ပွားမှုဟာ ပြည်တော်ပြန်တွေသာမကဘဲ နိုင်ငံအတွင်းမှာပါ ကူးစက်မှုပြန့်ပွားမှုဖြစ်နေတာကြောင့် တတ်နိုင်ရင် self quarantine လုပ်ခြင်းအားဖြင့် ရောဂါပိုးဆက်လက်မပျံ့နှံဖို့ ပြောပြထားပါတယ်။
CeleGabar ပရိသတ်ကြီးရေ COVID-19 ရောဂါပိုးပြန့်မှုဟာ မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ (၁၄)ယောက်ရှိလာပြီး သေဆုံး(၁)ဦး တွေ့ရှိထားပြီးဖြစ်တာကြောင့် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေကို တတ်နိုင်ရင် self quarantine လုပ်ခြင်းအားဖြင့် ရောဂါပိုးဆက်လက်မပျံ့နှံဖို့ ပြောပြထားပါတယ်။
Source: Nan Sandar Hla Htun
DarDar-CeleGabar