ပရိသတ်တွေရဲ့ အချစ်တော် သားညီကတော့ မနက်ဖြန်မှာ ကျရောက်မယ့် ဧပြီလ (၁)ရက်နေ့ (April Fool Day) မှာ လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်နဲ့ ပတ်သတ်ပြီး မစနောက်ဖို့ကို သတိပေးပြောဆိုထားပါတယ်။ပုံမှန်အားဖြင့် လူတော်တော်များများက ဧပြီလ (၁)ရက်နေ့ (April Fool Day)မှာ ချစ်ခင်ရတဲ့ သူတွေကို စနောက်လေ့ရှိကြပါတယ်။
သို့ပေမဲ့လည်း လတ်တလောမှာဖြစ်နေတဲ့ Covid-19 ဝူဟန်ရောဂါဟာ ကမ္ဘာကပ်ရောဂါတစ်ခုအဖြစ် ကြေညာထားတဲ့ ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေတဲ့ ရောဂါဖြစ်တာကြောင့် ဒီရောဂါနဲ့ ပတ်သက်ပြီး မနက်ဖြန် (April Fool Day)မှာမစနောက်ကျဖို့ကို သားညီက အခုလိုပဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ သတိပေးထားတာပါ။ “အခုချိန်က Covid-19 နဲ့ ပတ်သက်ပြီး အကုန်လုံးက လန့်နေတဲ့ အချိန်ပါခင်ဗျာ။ အဲ့ဒါကိုမှ ပေါ်ပင်လုပ်ချင်ပြီး Covid-19 နဲ့ ပတ်သက်တာကို မဟုတ်တာတွေရေးပြီးမှ April Fool ဆိုပြီး စာတင်တာဖြစ်ဖြစ် Messenger ကပဲဖြစ်ဖြစ်မပို့ကြဖို့ကြိုပြီး တောင်းပန်ပါရစေ”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။
ပရိသတ်ကြီးရေ သားညီက ဒီလို သတိပေးထားတဲ့ ကြားကနေ သူ့ကို Covid-19 နဲ့ ပတ်သက်ပြီး April Fool လုပ်လာခဲ့ရင် လုံးဝခွင့်မလွှတ်ပါဘူးတဲ့ ကြိုပြောထားပါတယ်တဲ့နော်။CeleGabar ပရိသတ်ကြီးရေ အကုန်လုံးလန့်နေကြတဲ့ ဒီရောဂါပိုးကြီးကို အခြေခံပြီး မနက်ဖြန်ကျရောက်တဲ့ (April Fool Day) မှာ မစနောက်သင့်တာကတော့ အမှန်ပါပဲနော်။
Chilli – CeleGabar
Source – Thar Nyi