အိမ်အကူမရှိပဲ တစ်ယောက်တည်း ချက်လိုပြုတ်လိုက်နဲ့ ကလေးထိန်းနေရတဲ့ ချစ်သုဝေရဲ့ တစ်နေ့တာလှုပ်ရှားမှုဗီဒီယို




 အနုပညာရှင်၊ ဆရာဝန်မလေး ချစ်သုဝေက ပရဟိတအလုပ်တွေနဲ့ ကျန်းမာရေး၊ ပညာရေးသံတမန်အလုပ်တွေကို လုပ်ကိုင်နေရပေမယ့် အိမ်မှုကိစ္စတွေမှာလည်း မလစ်ဟင်းသူတစ်ယောက် ဖြစ်ပါတယ်။ ချစ်သုဝေက အနုပညာလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ရင်း သူမရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကို လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးရင်း သာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
 အိမ်အကူမရှိတဲ့ ချစ်သုဝေက အခုလို အိမ်တွင်းအောင်းရတဲ့ရက်လေးမှာ တစ်ယောက်တည်းချက်ပြုတ်နေရင်း သမီးလေးတွေကို ထိန်းကျောင်းနေတာပဲ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးအတွက် ချစ်သုဝေရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ချစ်သုဝေရဲ့ ဘဝလေးကတော့ တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ ဟန်ဆောင်မှုတွေ ကင်းတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရော အခုလို အိမ်တွင်းအောင်းနေရတဲ့ကာလမှာ ဘာတွေလုပ်ဖြစ်လဲ ပြောခဲ့ကြဦးနော်။
Source: Chit Thu Wai’s fb
Bilie – Cele Connections