“ရေရှည်ကိုတွေးပြီး သူမရဲ့ရင်တွင်းခံစားချက်လေးကို ရင်ဖွင့်လိုက်တဲ့ မအေးသောင်း”

 မြန်မာနိုင်ငံရဲ့နာမည်​ကျော်ရုပ်ရှင်မင်းသမီး​တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ​မ​အေး​သောင်းကို​တော့ ပရိသတ်​တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ မ​အေး​သောင်းက​တော့ မြန်မာဆန်ဆန်​လေး​တွေဝတ်ကာ နန်းဆန်စွာလှပလွန်းတာ​ကြောင့် ပုရိသပရိသတ်​တွေရဲ့ အသည်း​ကျော်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှား​လောက်ပါဘူး​နော်။ မ​အေး​သောင်းက​တော့ ကိုယ်ပိုင်အလုပ်​လေး​တွေလည်းလုပ်ပြီ သူမရဲ့ဝါသနာပါရာအနုပညာအလုပ်ကိုလည်း ဆက်လက်လုပ်ကိုင်​နေသူတစ်ဦးပဲဖြစ်ပါတယ်။
 မ​အေး​သောင်းက​တော့ အခုကျ​ရောက်​နေတဲ့ covid-19နဲ့ပတ်သက်ပြီး ဗဟုသုတများနဲ့ ကာကွယ်​ဖို့ ဗီဒီယိုဖိုင်​လေးကို တင်​ပေး​လေ့ရှိပါတယ်။ မတ်လ(၃၁)ရက်​နေ့မှာ မ​အေး​သောင်းက​”April လအလွန်မှာ ပင်လယ်ကမ်းခြေတွေ တူတူသွားကြမယ်။တောင်တန်းတွေပေါ်ကားလေးနဲ့ မိသားစုနဲ့ ခရီးထွက်ကြမယ်။Mask နဲ့ Handgel တွေရဲ့ အနှောင်အဖွဲကင်းကင်းနဲ့သဘာဝရဲ့လေတွေကို တဝကြီးရှူရှိုက်မယ်။ယုံကြည်ထားတယ်။ချစ်တဲ့သူငယ်ချင်းတွေနဲ့ (၃) ပေခွါစရာမလိုပဲ မုန့်တွေစားမယ်။သီချင်းတွေဆိုကြမယ်။အလှူတေ၊ွစတုဒီသာတွေ ကျွေးပြီးဝက်သားတုံးကြီးလက်သီးဆုပ် နဲ့ထမင်းရည်ချောင်းစီးအောင် မောင်းတီးပြီးလည်းလှူကြမယ်။ယုံကြည်ထားတယ်။Covid ကာလမှာ အကြာကြီးခွဲနေရတဲ့ချစ်သူကိုသက်ဆုံးထိတူတူ နေသွားကြဖို့မတော်လိုက်ရတဲ့ယောက်ခမကြီးဆီကိုလည်း ပူဆာမယ်။ကောင်းအတူ ဆိုးအတူ ချမ်းသာအတူ ဆင်းရဲအတူပေါ့ယုံကြည်ထားတယ်။အဝေးရောက်နေတဲ့ဆွေမျိုးတွေဆီသွားလည်မယ်။ငါအမြင်ကပ်တဲ့နင်နဲ့ ငါချက်ထားတဲ့ဟင်းပို့ပေးမယ်။ယုံကြည်ထားတယ်။အနာဂတ်မှာ ပျော်စရာကောင်းတဲ့နေ့ရက်တွေနဲ့ လှပတဲ့ကမ္ဘာကြီးရှိမှာ ငါတို့အားလုံးချစ်ချစ်ခင်ခင်နဲ့ တယောက်ကိုတယောက်ပိုတန်ဖိုးထားကြမယ်လို့ယုံကြည်ထားတယ်။ငါအခုစိုက်ထားတဲ့အပင်လေးတွေနောင်လာနောင်သားတွေအတွက်အကျိုးရှိစေရမယ်”ဆိုကာ သူမရဲ့ရင်တွင်းခံစားချက်​လေးကို ကဗျာစပ်ကာ လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမ​ရေးထားတဲ့စာ​လေး​​တွေက ပရိသတ်​တွေနဲ့ထပ်တူကျမယ့် ခံစားချက်​လေးကို တင်​ပေးလိုက်တာပါပဲ​နော်။
 CeleConnectionsပရိသတ်​တွေအတွက် မ​အေး​သောင်းရဲ့ရင်တွင်းဖြစ်ခံစားချက်​လေးကို ပြန်လည်ပြီမျှ​ဝေ​ပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မ​အေး​သောင်းရဲ့ခံစားချက်​လေးနဲ့ထပ်တူကြမယ်ဆိုရင် မှတ်ချက်​လေးတစ်ခု​လောက်​ရေး​ပေးခဲ့ကြပါ​နော်။

Soure….Aye Thaung’s Facebook
Angella(CeleConnections)