တစ်ကမ္ဘာလုံးကြောက်ရွံ့နေရတဲ့ ကပ်ဆိုးကြီးပြီးဆုံးတဲ့အချိန်လေးကို စိတ်ကူးယဉ်လိုက်တဲ့ နေခြည်ရွှန်းလက်

 အခြည်လေးလို့ပရိသတ်တွေချစ်စနိုးခေါ်တဲ့ နေခြည်ရွှန်းလက်ကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုများစွာရရှိထားသူပါ။လှပကျော့ရှင်းတဲ့အလှတရားကိုပိုင်ဆိုင်ထားသလို အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်ရဲ့ကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ကျောင်းသူတစ်ယောက်ဖြစ်ပေမဲ့လည်း အနုပညာအရည်အချင်းမသေးလှသူလေးပါ။
 ပုဂံမြို့သူဇာတ်လမ်းတွဲမှာ ဂွမ်းနုအဖြစ်စတင်ပါဝင်ခဲ့ပြီး ပရိသတ်တွေသတိထားခံခဲ့ရသလို မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပရိသတ်တွေစိတ်ကျေနပ်စေခဲ့သူပါ။အခုဆိုရင် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကြောင့် တစ်နိုင်ငံလုံးစိုးရိမ်နေရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ဒီလိုအခြေအနေမှာတော့ နေခြည်ရွှန်းလက်က အကောင်းမြင်တဲ့စိတ်ထားလေးနဲ့ အတူ “ဒီကပ်ဆိုးကြီးပြီးဆုံးတဲ့အခါ ကျွန်တော်တို့ အလှဆုံးအပြုံးတွေနဲ့ အပြင်မှာ အတူတူ ပြန်တွေ့ကြမယ်ခဗျ”ဆိုပြီးတော့ ရေးသားထားတာပါ။
လက်ရှိအချိန်မှာတော့ လူတော်တော်များများဟာ လျင်မြန်စွာကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုလျှော့ချဖို့အတွက် တတ်နိုင်သမျှအိမ်ထဲမှာနေကြတာပါ။ ရန်ကုန်နဲ့မန္တလေးတို့လို့မြို့ကြီးတွေရဲ့ လူစည်ကားရာနေရာတွေမှာလည်း ခြောက်ကပ်တိတ်ဆိတ်လို့နေပါတယ်။ ဒါပေမဲ့လည်း တစ်နေ့မှာကပ်ဆုံးကြီးပြီးဆုံးပြီး အသစ်တစ်ဖန်ပြန်လည်စတင်မှာဖြစ်တာကြောင့် နေခြည်ရွှန်းလက်ပြောသလို အပြုံးတွေနဲ့ပြန်လည် စတင်ကြမယ်ထင်ပါရဲ့…
Source:NayChiShoonLak