မိုင်းလင်းဆရာတော်ကြီးအားအလှူ ငွေ (၅၀၀၀၀၀) ကျပ်နှင့် USD (100) ကိုလှူ ဒါန်းခဲ့တဲ့ နေခြည်ဦး

 ချီချီကတော့ Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေစတင် သိရှိလာပြီး ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အိုင်လ်ဒေါလ် တစ်ယောက် အနေနဲ့ အမာခံအားပေးခြင်းခံရသူလို့ဆိုရမှာပါ။ သွက်သွက်လက်ကလက်လေးနဲ့အမြဲပွင့်လင်းလွန်းတဲ့ ဟန်ပန်လေးကြောင့်ပုရိသတွေသာမက မိန်းကလေးချင်းကတောင် အချစ်ပိုရသူတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာကာ Beauty Blogger အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးလာနိုင်သူလေးပါ။

 Blogger တစ်ယောက်ဖြစ်ကတည်းက အားပေးခဲ့ကြတဲ့အပြင် သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုအားပေးခြင်းခံလာရသူလေးပါနော်။ သူမရဲ့အချစ်ရေးကတော့ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကာ Single တစ်ယောက်အနေနဲ့ နေကာ အနုပညာအလုပ်တွေကိုအားစိုက်နေတယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ နေခြည်ဦးက ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်နေတာပဲ ဖြစ်ပြီး သူမရဲ့ Chillies တွေနဲ့ စုပေါင်းကာ အလှူလေးပြုလုပ်ခဲ့ကြောင်းကို ” နေခြည်ဦးနှင့်Chillies များစုပေါင်း၍အလှူငွေ (၅၀၀၀၀၀)ကျပ်နှင့် USD (100) ကို မိုင်းလင်းဆရာတော်ကြီးအားလှူဒါန်းခဲ့ပါတယ်။ ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။  ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ Fan တွေရဲ့ ကုသိုလ်အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်။