နိုင်ငံကျော် ဟာသသရုပ်ဆောင် မင်းသားချော ခင်လှိုင်ကတော့ ရုပ်ရှင်ရိုက်ကူးရင်း လိုအပ်ချက်လေးတွေရှိတဲ့ ဘုန်တော်ကြီးကျောင်းမှ စေတီတော်အတွက် မီးအလင်းလှူဒါန်းလိုက်တဲ့အကြောင်းကို “လေးစားချစ်ခင်ရသော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ လွန်ခဲ့သော (၃) ရက်က “အပိုင်စား”ဆိုတဲ့ ရုပ်ရှင်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေချိန်မှာ ချောင်းသာကမ်းခြေအနီးက ရွာလေးတစ်ရွာဖြစ်တဲ့ကွေ့ရှည်တောင်ပေါ်မှာ တောရ ဆောက်တည်နေတဲ့တစ်ပါးကြောင်းလေးမှာ ရိုက်ကူးရေးမစခင် ခဏနားခဲ့ပါ
ကျောင်းလေးကတော်တော်လေးလိုအပ်ချက်တွေများနေတာတွေ့ရတော့လှူချင်စိတ်တွေများလာတယ် ဆရာတော်ကိုလျှောက်ထားကြည့်ပါတယ် တပြည့်တော်နိုင်သမျှလေးလှူချင်ပါတယ် ဘာလှူပေးရမှာလဲဘုရားဆိုတော့ ဘုန်းဘုန်းအတွက်အရေးမကြီးပါဘူးတဲ့ စေတီတော်လေးမီးလင်းချင်တာပါလို့မိန့်ပါတယ် ကျွန်တော်လဲ ရန်ကုန်ခဏပြန်တဲ့နေ့မှာ Solar..,Electric battery နဲ့ Inverter ပါ လှူဒါန်းဖို့အတွက်ဝယ်ခဲ့ပါတယ် ဒီနေ့သွားလှူမယ်ဆိုတော့ အလှူရှင်တွေထပ်ပေါ်လာပါတယ် သူတို့ကတော့ သရုပ်ဆောင် စည်ဖြိုး+သရုပ်ဆောင် ခင်လွှမ်း.. (၁) သိန်း၊ ကိုတိုဘီ+မဂရေ့စ်… (၁) သိန်း၊ သရုပ်ဆောင် ချစ်လူလူ+မပင်ကီ..(၅) သောင်း ဆရာတော့်ရဲ့ စေတီတော်မီးလင်းစေချင်တဲ့ ဆန္ဒပြည့်ဝသွားလို့ ကြည်နူးပီတိတွေဝေနေသော ဆရာတော်ကို ဖူးမျှော်ရင်း အပျော်တွေကူးဆက်ပြီး ကျွန်တော်တို့အားလုံးအပြန်လမ်းမှာ ထမင်းဆာတာတွေတောင့်မေ့လို့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ခင်လှိုင်ကတော့ အပိုင်စားဆိုတဲ့ရုပ်ရှင်ရှင်ဇာတ်ကားကြီးရိုက်ကူးနေချိန်မှာ ချောင်းသာကမ်းခြေအနည်းကရွာလေးတစ်ရွာဖြစ်တဲ့ ကွေ့ရှည်တောင်ပေါ်မှာ တောရ ဆောက်တည်နေတဲ့ တစ်ပါးကျောင်းလေးမှာလိုအပ်နေတဲ့ စေတီတော်မှ မီးအလင်းအလှူကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခင်လှိုင်ရဲ့ မီးအလင်းအလှူလေးကို မေတ္တာထားပြီး သာဓုခေါ်ခဲ့ကြပါဦးနော်။
Source: Khin Hlaing,CRD-လက်မဲကြီး – Wow Myanmar