အဆင့်တူ ပြိုင်ပွဲဝင်ယောက်ျားတွေကို ကျော်ဖြတ်ပြီး နပန်းချန်ပီယံဖြစ်လာတဲ့ ကောင်မလေး

 အမေရိကန်အမျိုးသမီးနပန်းသမားတစ်ယောက်ဟာ အထက်တန်းကျောင်းနပန်းချန်ပီယံဗိုလ်လုပွဲမှာ ယောက်ျားလေးတွေကိုကျော်ဖြတ်ကာ ပထမဆုရခဲ့ကြောင်း ladbible အရ သိရပါတယ်။ သူမဟာ အမေရိကန်သမိုင်းမှာ သူမယှဉ်ပြိုင်ရတဲ့ ပြည်နယ်အဆင့်နပန်းပြိုင်ပွဲထဲ ချန်ပီယံဆုရခဲ့တဲ့ ပထမဆုံးအမျိုးသမီးလည်း ဖြစ်ပါတယ်။



View this post on Instagram

A post shared by heav (@heaven.fitch) on
 သူမနာမည်က ဟဲဗန်းဖင့်ခ်ျပါ။ မြောက်ကယ်ရိုလိုင်းနားအထက်တန်းကျောင်း အားကစားအဖွဲ့ရဲ့ နပန်းချန်ပီယံဗိုလ်လုပွဲမှာ သူမဟာ အနိုင်ရသူဖြစ်ကြောင်း ကြေညာချက်အပြီးမှာတော့ ဖင့်ခ်ျဟာ နည်းပြကိုယ်ပေါ် ခုန်တက်ခဲ့ပါသေးတယ်။ စနေတနင်္ဂနွေတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ (၄၈) ကီလိုဝိတ်တန်းမှာ အနိုင်ရရှိခဲ့တာပါတယ်။ သူမယှဉ်ပြိုင်ရတဲ့အဆင့်မှာ စုစုပေါင်း (၈) ယောက်ပါဝင်ပြီး ထိုထဲမှာ သူမတစ်ယောက်တည်း မိန်းကလေးအဖြစ် ပါဝင်ပါတယ်။ ပြိုင်ပွဲကြီးတစ်ပွဲလုံးမှာမှ မိန်းကလေး (၃) ယောက်ပဲ ပါဝင်ပါတယ်။
ဖင့်ခ်ျက WRAL-TV ကို အခုလို ပြောပြပါတယ်။ “ကျွန်မအရမ်းပျော်ရပါတယ်။ ပြန်တွေးကြည့်ရင် ကျွန်မလုပ်ခဲ့တာက ရူးသွပ်လွန်းတယ်။ လူသစ်တစ်ယောက်အနေနဲ့ ကျွန်မမှာ အနိုင်ရတဲ့ပွဲတွေဘာတွေဆိုလို့ အရင်က မရှိခဲ့ဖူးပါဘူး။ ဒီလိုချန်ပီယံဆုရလိမ့်မယ်လို့လည်း မထင်ထားဘူး…”
ဒါ့အပြင် ဖင့်ခ်ျက သူမထက်ငယ်ရွယ်သူတွေဟာလည်း သူမကိုအားကျလိမ့်မယ်လို့ မျှော်လင့်ကြောင်းဆိုပါသေးတယ်။ သူမက “ကျွန်မမိဘတွေကို တကျီကျီနဲ့ပူဆာတာပေါ့။ ကျွန်မက အစ်ကိုတွေမောင်တွေဆော့သလိုမျိုး လိုက်ဆော့ချင်တယ်လေ။ မိဘတွေက ကျွန်မဒဏ်ရာအနာတရဖြစ်မှာစိုးလို့ဆိုပြီး ပေးမဆော့တာ။ ကျွန်မက သူတို့လည်း လုပ်နိုင်တယ်။ သမီးလည်း ဘာလို့မလုပ်နိုင်ရတာလဲဆိုပြီး မိဘတွေကို ပူဆာခဲ့တာ..” လို့လည်း ပြောပြပါသေးတယ်။
ဖင့်ခ်ျဟာ သူမရဲ့အစ်ကိုတွေမောင်တွေနပန်းဆော့တာကို မြင်ကတည်းက ဆော့ချင်နေခဲ့တာပါ။ ဒါပေမဲ့သူမ မိသားစုက သူမကိုအစပိုင်းမှာခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့မိဘတွေကိုယုံကြည်အောင် ပြောပြပြီး ပြိုင်ပွဲထဲဝင်တဲ့အခါမှာတော့ ဖင့်ခ်ျဟာ ပြိုင်ပွဲမှာအနိုင်ရရုံတင်မကပဲ အခုဆို ကမ္ဘာတစ်ဝှမ်းက သတင်းစာခေါင်းကြီးတွေမှာပါ ပေါ်ပြူလာဖြစ်လျက်ရှိနေပါပြီ။
crd-လင်းလင်း (ShweMom)
webLink - shwemom.com