ဂျွန်လွင်ကတော့ အနုပညာရှင်တွေကိုမွေးထုတ်ပေးနေတဲ့ အနုပညာလောကအတွက်မရှိမဖြစ်ဆရာတစ်ဦးပဲဖြစ်ပါတယ်။တပည့်တွေအပေါ်မှာလည်း စေတနာအပြည့်အဝထားတဲ့ဆရာကောင်းတစ်ယောက်ပီသသလိုမွန်မြတ်လှတဲ့ စိတ်ထားလေးကိုလည်းပိုင်ဆိုင်ထားတဲ့သူပါ။ရှာဖွေထားတဲ့ ချွေးနည်းစာတွေထဲကနေအကူအညီလိုအပ်နေတဲ့ သူတွေကိုလည်းတက်စွမ်းသ၍ကူညီပေးနေတဲ့ စေတနာရှင်ကြီးလည်းဖြစ်ပါတယ်။
ဂျွန်လွင်က မွေးရာပါဦးနှောက်ထဲ အရည်စုပြီး ဦးခေါင်းခွံကြီးရောဂါဖြစ်နေတဲ့(၂)ရက်သားကလေးငယ်လေးအတွက်ဆေးကုသစရိတ်တွေလှူဒါန်းခဲ့သလို လုပ်ငန်းခွင်မှာ လက်(၃)ချောင်းပြတ်သွားခဲ့တဲ့ကလေးလုပ်သားမောင်ချစ်မင်းထက်ရဲ့ ဘဝရပ်တည်ရေးအတွက်လည်း လိုအပ်တဲ့ ပညာတွေကို သင်ပေးခဲ့ပါသေးတယ်။မကြာသေးခင်ကလည်းထမင်းရည်ပူလောင်တဲ့ ဝေဒနာကိုခံစားနေရတဲ့လသားကလေးငယ်လေးကိုလည်း လိုအပ်တဲ့ ကူညီမှုတွေကိုပေးခဲ့ပါသေးတယ်။
အခုတစ်ခေါက်မှာလည်း ဂျွန်လွင်ကလမ်းဘေးမှာလာရောက်စွန်ပစ်သွားတာကို ခံခဲ့ရတဲ့အမေအိုကြီးရဲ့ ဒုက္ခကို မကြည့်ရက်နိုင်တာကြောင့် ဒီနေ့ကနေစပြီး အဖွားလိုအပ်တာတွေအကုန်ထောက်ပံ့ကူညီပေးသွားမယ့်အကြောင်းကိုသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ ဂျွန်လွင်နဲ့ဒုက္ခရောက်နေတဲ့သူတွေကို စွမ်းစွမ်းတမံကူညီတတ်တဲ့စိတ်ထားလေးကတော့ မလေးစားပဲကိုမနေနိုင်လောက်အောင်ပါပဲနော်။CRD-Chilli – CeleGabar,Source – John Lwin