အနေတည်ပြီး လှပလွန်းတဲ့ မင်းသမီးလေး ရွှေမှုံရတီက တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုဆိုရင် အသက် (၂၀) ကျော်အရွယ်လေးသာရှိသေးပေမယ့် သူမရဲ့ အနုပညာသမ္ဘာကတော့ မသေးလှပါဘူး။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ရွှေမှုံရတီက အခုဆိုရင် ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်လို့နေပါပြီ။
အမြဲတမ်းလှနေတဲ့ ရွှေမှုံရတီက ဒီတစ်ခေါက်မှာလည်း ဒီဇိုင်နာကောင်းမြတ် ဖန်တီးထားတဲ့ ထိုင်းရိုးရာဝတ်စုံလေးနဲ့ ကြော့မော့လှပနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေမှုံရတီက ရွှေရောင် ယိုးဒယားဝတ်စုံလေးနဲ့ အရမ်းကျက်သရေရှိနေတာပါပဲ။ ပရိသတ်ကြီးလည်း ရွှေမှုံရတီကို အခုလို ထိုင်းရိုးရာဝတ်စုံလေးနဲ့ မြင်ဖူးနေကြမဟုတ်တော့ တစ်မျိုးလေး သဘောကျနေကြမယ် ထင်ပါတယ်။
ရွှေမှုံရတီက လက်ရှိမှာတော့ ဒါရိုက်တာသားညီ ရိုက်ကူးပုံဖော်တဲ့ "ကမ်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ ရွှေထူး၊ စိုးမြတ်သူဇာ၊ ခေးဆက်သွင်တို့နဲ့အတူတူ သရုပ်ဆောင်နေလျက်ရှိပါတယ်။ရွှေမှုံရတီကတော့ ဒီဝတ်စုံလေးနဲ့ အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Designer Kaung Myat
Photo: Jason