၂၀၂၀ မှာ သူမရိုက်ကူးမယ့် ရုပ်ရှင်အတွက် ကန်တော့ပွဲပေးအခမ်းအနား တက်ရောက်ခဲ့တဲ့ မအေးသောင်း

 နန်းဆန်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မမအေးသောင်းကတော့ ပရိသတ်တွေရဲ့အားပေးမှုကြောင့် နှစ်တွေကြာမှ အနုပညာလောကထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာတာပဲဖြစ်ပါတယ်။ အမြဲလိုလို အလှပုံရိပ်တွေ ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းက လတ်တလောမှာလည်း ၂၀၂၀မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်အတွက် ရွှေတိဂုံဘုရားမှာ ကန်တော့ပွဲပေးတဲ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မြန်မာဆန်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းတော့ မြန်မာဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်ပြီး လှရက်လွန်းနေတာပါ။

 မအေးသောင်းကတော့ "အောင်ခေတ်မင်း ရုပ်ရှင် ထုတ်လုပ်ရေး ဒါရိုက်တာ အကယ်ဒမီ မင်းဉီးရိုက်ကူးမယ့် ၂၀၂၀ ရဲ့ ပထမဆုံးရုပ်ရှင် “အဆိပ်”အတွက်ကန်တော့ပွဲအခမ်းအနားကို ရွှေတိဂုံဘုရားအောင်မြေမှာကျင်းပခဲ့ပါတယ်။ ကျော်ထက်အောင် ကျော်ထက်ဇော် မယ်လိုဒီ နဲ့ နန်းဆုဦး တို့လည်းပါဝင်ပါမယ်ရှင်။" ဆိုပြီး၂၀၂၀ မှာ ရိုက်ကူးမယ့် ရုပ်ရှင်အတွက် ကန်တော့ပွဲပေးတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါနော်။


လတ်တလောမှာတော့ မအေးသောင်းက ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ "ပုဂံမျှော်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အနုပညာမောင်နှမတြွေဖစ်တဲ့ မြင့်မြတ်၊ ဖွေးဖွေးတို့နဲ့အတူ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ မအေးသောင်းရဲ့အချစ်ရေးကတော့ သူမကိုဂရုစိုက်တဲ့ချစ်သူကြောင့် ပျော်ရွှင်နေရတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို တည်တည်ငြိမ်ငြိမ်နဲ့ လှရက်လွန်းတဲ့ မအေးသောင်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Aye Thaung's Facebook