သူမရင်ထဲက အချစ်အကြောင်းလေးတွေ ပုံဖော်ပြောပြလာပါတယ်။အချစ်ရေးသတင်းတွေမှာ အရမ်းကို တည်ငြိမ်လွန်းတဲ့ မင်းသမီးလေးကတော့ ယဉ်လက်ပါပဲ။ သူမရင်ထဲက လိုလားမှုရှိတဲ့ အချစ်ရေးကတော့ ချစ်ရတဲ့သူအပေါ် စိတ်ချမ်းသာစေချင်တဲ့ သဘောထားရှိတယ်လို့ဆိုပါတယ်။
ပရိသတ်အချစ်တော်မလေး သရုပ်ဆောင် ယဉ်လက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့ ခံယူချက်လေးတွေကိုအင်တာဗျူးမှာ ရင်ဖွင့်ပြောပြလာပါတယ်။ ချစ်ရတဲ့သူအပေါ် စိတ်ချမ်းသာစေချင်တယ်လို့ ဆိုပါတယ်။လူတစ်ယောက်ကို ချစ်မိသွားလို့ရှိရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက် ဘာဖြစ်ဖြစ် လုပ်ရဲတယ်။ ဒီစကားက မှန်တယ်။ ချစ်ရတဲ့သူဆိုတာကလည်း ရည်းစားမှ၊ ချစ်သူမှ မဟုတ်ဘူး။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက်ပဲ တကယ်အရေးကြီးတာ။ ရည်းစားဖြစ်ဖြစ်၊ ချစ်သူဖြစ်ဖြစ် ရှိလာရင်လည်း အဲဒီလို စိတ်မျိုးဖြစ်လာမှာပါ။ ချစ်သူအဖြစ်တော့ မကြုံခဲ့ဖူးဘူး။ ချစ်ရတဲ့သူဆိုတာ မိန်းကလေးလည်းရှိတာပဲ၊ မိသားစုလည်းရှိတာပဲ” လို့ဆိုပါတယ်။
ယဉ်လက်ဟာ လက်ရှိမှာ ချစ်သူရည်းစားနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ သူမကိုယ်တိုင်လိုချင်တဲ့ အချစ်ရေးမျိုးကို ပိုင်ဆိုင်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။“ လူတစ်ယောက်က တစ်သတ်မတ်တည်း တစ်ယောက်တည်းတော့ နေမှာမဟုတ်ဘူး။ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်များ ပိုင်ဆိုင်ခဲ့သည်ရှိသော် ဘယ်လို ပူလောင်တဲ့ ခံစားချက်မျိုးမှ မခံစားချင်ဘူး။ အခုလက်ရှိမှာလည်း ချည်ရမယ့်လူ မရှိသေးပါဘူး။ တစ်ချိန်ချိန်မှာတော့ ရှိလာမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ညက ချည်ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၃ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အများကြီးပါ။