မြန်မာနိုင်ငံရဲ့ အဖိုးတန်ရတနာလေးလိုကတောင် တင်စားခေါ်ခေါ်ရတဲ့ ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာကတော့ ရွှေတံဆိပ်ဆုကြီးကို ထပ်မံဆွတ်ခူးလိုက်ပြန်ပါပြီ။သက်ထားသူဇာဟာဆိုရင် အသက် (၇)အရွယ်ကတည်းကကြက်တောင်အားကစားနည်းကို စတင်ဆော့ကစားခဲ့ပြီးလက်ရှိအချိန်ထိကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ရွှေတံဆိပ်ဆုကြီးတွေကို ရရှိသိမ်းပိုက်ထားတဲ့ သူတစ်ယောက်ပါ။
သက်ထားသူဇာကတော့ (၂၀၁၁)ခုနှစ်မှာစတင်ပြီး နိုင်ငံကိုယ်စားပြုလက်ရွှေးစင်ကစားသမားအနေနဲ့ ရွှေချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေကိုလည်း ရရှိထားတဲ့ မြန်မာနိုင်ငံအတွက်ဂုဏ်ဆောင်ပေးနေတဲ့ နိုင်ငံဂုဏ်ဆောင်အားကစားမယ်လေးဆိုရင်လည်း မမှားပါဘူး။သက်ထားသူဇာဟာ အခုတစ်ခေါက်မှာလည်း (၂၀၁၉)ခုနှစ် အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆုကြီးကိုရရှိခဲ့တာပါ။
အခုလို ရွှေတံဆိပ်ဆုကြီးရရှိခဲ့တဲ့ အကြောင်းကိုတော့ သက်ထားသူဇာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “Last tournament of the year. Myanmar National Championship 2019 “ဆိုပြီး ဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေသက်ထားလေးကတော့ (၂၀၁၉)ခုနှစ်ရဲ့ ကုန်ဆုံးခါနီးအချိန်လေးမှာ အောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို ရွှေတံဆိပ်ဆုကြီးကို အရရယူလိုက်ပြန်ပါပြီ။