လူတော်တောများများကတော့ သူတို့ အလုပ်တွေအမြန်ပြီးအောင် အရာရှိတော်တော်များများကို လာဘ်ထိုးတတ်ကြပါတယ်။ဒါပေမယ့် သတိထားရမှာက အစိုးရအရာရှိတိုင်းလည်း လာဘ်စားတတ်တာ မဟုတ်ပါဘူး။အခုလည်း အိန္ဒိယက အရာရှိတစ်ဦးဖြစ်တဲ့ Podeti Ashokဟာ သူလာဘ်မစားကြောင်းကို “ငါလာဘ်မစားဘူး”ဆိုတဲ့ ဘုတ်ပြားကို အခန်းထဲမှာ ချိတ်ဆွဲပြီးထားခဲ့ပါတယ်။
Ashok ဟာ (၂၀၀၅)ခုနှစ်ထဲက လက်ထောက်အင်ဂျင်နီယာအဖြစ်နဲ့ အဲဒီ ဆောက်လုပ်ရေး ၀န်ကြီးဌာနရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တာ (၁၄)နှစ်နီးပါးရှိပါပြီ။ အဲဒီ(၁၄)နှစ်လုံးလုံး လူတော်တော်များများက သူတို့အလုပ်တွေ အမြန်ပြီးမြောက်ဖို့ ခဏခဏလာဘ်ထိုးကြောင်း NDTVကို ဖွင့်ပြောခဲ့ပါတယ်။ဒါကြောင့်လည်း Ashokဟာ သူလာဘ်မစားကြောင်းသိရှိအောင် အခုလို ဘုတ်ပြားကို အခန်းထဲမှာချိတ်ဆွဲထားတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
“လူတွေကလည်း ခက်တယ်ဗျ။ ကျွန်တော်တကယ်မယူလို့ မယူဘူးပြောတာကို စတန့်ထွင်တယ် ထင်နေကြတယ်ဗျာ”လို့လဲ ပြောကြားခဲ့ပါသေးတယ်။“ကျွန်တော်စိတ်အပူဆုံးက ကျွန်တော်လုပ်ဖော်ကိုင်ဘက်တွေက ကျွန်တော်ဒီလိုဘုတ်ပြားချိတ်ထားတာကို အပြစ်တင်နေတာပဲ။သူတို့ထင်တာက ကျွန်တော်ဟာ တခြားဌာနကလူတွေက လာဘ်စားတယ်လို့ စွပ်စွဲနေသလလိုပဲတဲ့။အမှန်တကယ်က ကျွန်တော်လာဘ်မစားဘူးဆိုတာကို သိစေချင်ယုံသတ်သတ်ပါပဲဗျာ”လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ဒီလိုဘုတ်ပြားချိတ်ထားလို့ ကျွန်တော့်ကို တခြားနေရာပြောင်းမယ်ဆိုလဲ ကျွန်တော်ဂရုမစိုက်ပါဘူး။တခြားနေရာရောက်သွားလည်း ကျွန်တော် ဒီလိုပဲချိတ်ဆွဲထားမှာပါ။ကျွန်တော်ပင်စင်ယူတဲ့အထိ ဒီလိုဘုတ်ပြားက ဘယ်ရောက်ရောက် ကျွန်တော်ချိတ်ဆွဲထားမှာပါ”လို့ Ashokက ထပ်မံပြောကြားခဲ့ပါသေးတယ်။“အကယ်၍မင်းအလုပ်ကိုပြီးမြောက်အောင်မလုပ်နိုင်ဘူးဆိုရင် တခြားနည်းလမ်းနဲ့ ကြိုးစားပါ။ဒါပေမယ့် အလုပ်အမြန်ပြီးအောင်ဆိုပြီး ဘယ်တော့မှလာဘ်မစားပါနဲ့”လို့ ပြောကြားခဲ့ပါတယ်။