မီ ဇာတ်ရုပ် နဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး နေတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဟာဆိုရင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရှိနေတာပါ။ ပိုင်ဖြိုးသုက ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး နဲ့ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ သူမရဲ့ ခင်ပွန်းက ဓာတ်ပုံ ရိုက်ရင်အိုက်တင်မလုပ်တတ်ဘူးလို့ ပြောလာတဲ့ ပိုင်ဖြိုးသု အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုင်ဖြိုးသု က " ရှိတယ်...ရှိတယ်....မိမိမှာဘေးကနေတစ်မိနစ်အတွင်းမျက်နှာအိုက်တင်မျိုးစုံလုပ်ပြနေသော်လည်း အလွန်အင်မတန်မှ တည်မြဲသောအိနြေ္ဒဖြင့် တစ်မျိုးတည်းသောအိုက်တင်ဖြင့်သာဓါတ်ပုံရိုက်ခံတဲ့စက်ရုပ်ကြီးတစ်ရုပ်ကျွန်မမှာရှိတယ်.....🙄" ဆိုပြီး ပြောထားပါတယ်။ပိုင်ဖြိုးသု က သူမ ခင်ပွန်း နဲ့ ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြထားပြီး ချစ်ရတဲ့ ခင်ပွန်းအကြောင်းကို အရွန်းဖောက်ထားတာပါ။
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသု တို့ရဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
crd-(momolay)Moekalay
Source;paing phyo thu