“ရွာရောက်တုန်းရောက်ခိုက် အသားအရည်ဂရုစိုက်တဲ့အနေနဲ့ သနပ်ခါးတွေဖွေးနေအောင် လိမ်းထားတဲ့ ဖြူဖြူထွေး”

 အနုပညာခရီးလမ်းကို ရိုးသားဖြူစင်စွာနဲ့လျှောက်လှမ်းနေတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ အဲ့ဒီရိုးဂုဏ်လေးနဲ့ပဲ အခုဆိုရင် ပရိသတ်ရဲ့ရင်ထဲမှာ အခိုင်အမာအမြစ်တွယ် နေရာယူလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကြော်ငြာပေါင်းများစွာ ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။
 တောရွာမှာကြီးပျင်းလာခဲ့သူပီပီ ရွာဓလေ့၊ရွာဟန်လေးတွေနဲ့ စကားပြောဆိုပုံလေးကလည်း ပရိသတ်တွေကို တိုးလို့အချစ်ပိုစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရွာရောက်တိုင်း ပရိသတ်ကြီးအတွက် ရွာဓလေ့တွေနဲ့ သူပြုလုပ်လေ့ရှိတဲ့အရာတွေကို ဗွီဒီယိုလေးတွေပြုလုပ်ကာ တင်ပေးလေ့ရှိပြီး ကြည့်ရှုအားပေးသူပရိသတ်များ များစွာရရှိနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ဖြူဖြူထွေးက သူရွာမှာရောက်နေချိန် အိမ်မှာနေတဲ့စတိုင်ကို ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ အသားအရည်ထိန်းသိမ်းတဲ့အနေနဲ့ ရွာဓလေ့အတိုင်း သနပ်ခါးကို ခေါင်းအစ ခြေအဆုံး ဖွေးနေအောင်လိမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးဟာ မေးစေ့နားမှာလည်း ပျားတုတ်ခံရသေးတယ်လို့ဆိုပါတယ်။ ပျားတုတ်ခံထားရပေမယ့်လည်း အမြဲတက်ကြွလန်းဆန်းပြီး ချစ်ဖို့ကောင်းနေတဲ့ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။Source – Phyu Phyu Htwe
crd-Rainbow- Cele Gabar