မျိုးကိုကိုစန်းက မိန်းကလေး ပရိသတ်တွေထက် သူမကို ချစ်ကြတဲ့ ယောကျာ်းလေးပရိသတ်တွေကပိုများနေတာပါ။ မိန်းကလေး အရမ်းဆန်တဲ့ ပုံရိပ်ကလေးတွေကိုပဲ တင်လေ့ရှိတဲ့ သူမက ဒီတစ်ခါမှာတော့ မိန်းကလေးစစ်စစ်တွေ အရှုံးပေးရလောက်အောင် လှတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြထားတာပါ။
မျိုးကိုကိုစန်းက ” တစ်ခါတစ်လေစဉ်းစားမိတာပါ ဒီနိုင်ငံမှာ LGBTတစ်ယောက်အနေနဲ့ မွေးလာရင်ပဲ အလိုလို အနှိမ်ခံရတာလားဆိုတာ… ကိုယ့်ကို အရမ်းချစ်ပေးတဲ့သူတွေရှိတယ် တစ်ချို့ကိုယ့်ကို သဘောကျလို့ shareတဲ့ postတွေ ကိုယ့်ပုံအောက်မှာ mentတဲ့ commentတွေအောက်မှာ… အခြောက်မကြီးကို ကြိုက်နေသေးတယ် အခြောက်မလင်ဖြစ်ချင်လို့လား လိုင်းပြောင်းချင်နေတာလားညီအမတွေလုပ်ချင်နေတာလား ဘယ်လောက်ပဲလှလှ အခြောက်က အခြောက်ပဲ မိန်းမ မရတော့ ရတာကြံတော့မယ်ပေါ့ဒီထက်ဆိုးတဲ့cmtတွေ အများကြီးပါပဲ ကိုယ်ကတော့ ကြုံလာရတာ လေးငါးနှစ်မကပေမဲ့ ကိုယ့်ကြောင့်အပြောခံရတဲ့လူတွေကို တကယ်အားနာတယ်… ငါဒီလိုcmtရေးလိုက်ရင် တစ်ဖက်လူစိတ်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ မတွေးကြဘူးလားမသိဘူး🤧” ဆိုပြီးပြောထားပါတယ်။
မျိုးကိုကိုစန်းက သူမကို အားပေးတဲ့ ပရိသတ်တွေကို အခြောက်မကြီးကို ကြိုက်နေသေးတယ် အခြောက်မလင်ဖြစ်ချင်လို့လား လိုင်းပြောင်းချင်နေတာလားညီအမတွေလုပ်ချင်နေတာလား ဘယ်လောက်ပဲလှလှ အခြောက်က အခြောက်ပဲ မိန်းမ မရတော့ ရတာကြံတော့မယ် လို့ အပြောခံနေရတာ လေးငါးနှစ်မကတော့ဘူးလို့ သူမကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကို ပြောပြထားပါတယ်။
မော်ဒယ်လ် မျိုးကိုကိုစန်း ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ပရိသတ်တွေသိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
credit – momolay