အဖိုးထိုက်တဲ့ပန်းတစ်ပွင့်
မိန်းမသားဆိုတာ
တည်ငြိမ်အိန္နြေရှိပြီး
အရာရာကိုထိန်းသိမ်းနိုင်စွမ်းရှိရမယ်။
အနေအထိုင်,အပြုအမူတွေကိုဆင်ခြင်နိုင်စွမ်းရှိရမယ်။
လိမ္မာယဉ်ကျေးတဲ့အပြောအဆိုတွေကိုလည်း
ပြောဆိုတတ်ရမယ်။
တည်ငြိမ်အိန္နြေရှိပြီး
အရာရာကိုထိန်းသိမ်းနိုင်စွမ်းရှိခြင်းနောက်ကွယ်မှာ
ကိုယ်ကျင့်သိက္ခာတွေပါတယ်။
အနေအထိုင်အပြုအမူတွေကို
ဆင်ခြင်နိုင်ခြင်းနောက်ကွယ်မှာ
တန်ဖိုးတရားတွေပါတယ်။
ယဉ်ကျေးလိမ္မာတဲ့
အပြောအဆိုတွေရဲ့နောက်ကွယ်မှာ
အဆင့်အတန်းတွေပါတယ်။
မိန်းမဆိုတာ
ရှိသင့်ရှိထိုက်တဲ့မာနတွေရှိရမယ်။
လွမ်းခြုံအပ်တဲ့ကိုယ်ကျင့်တရားတွေရှိရမယ်။
ထက်မြတ်တဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိရမယ်။
ခြင်္သေ့တစ်ကောင်လိုလည်း
ရဲရင့်ထက်မြတ်တဲ့စိတ်တွေလည်းမွေးမြူရမယ်။
ထားသင့်တဲ့မာနမထားခဲ့ရင်
လူတစ်ကာရဲ့အနှိမ်ခံဘဝရောက်သွားမယ်။
ရှိသင့်တဲ့ကိုယ်ကျင့်တရားကိုလက်ကိုင်မထားခဲ့ရင်
လူတစ်ကာရဲ့တံတွေးခွက်မှာမျောရလိမ့်မယ်။
ရှိထိုက်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကို
ထက်မြတ်အောင်သွေးမထားရင်
လူတစ်ကာရဲ့ အပယ်ခံဘဝရောက်သွားမယ်။
ရဲရငြ့်ပတ်သားတဲ့စိတ်ဓာတ်တွေမမွေးခဲ့ရင်
လူတစ်ကာရဲ့လှည့်စားတာ ကိုခံရမယ်။
မိန်းမသားတွေဆိုတာ
ပြင်ပအလှ,ရင်တွင်းအလှတို့ ရှိတဲ့အပြင်
ကိုယ့်ရဲ့အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့အနာဂါတ်ကို
စိတ်ကြိုက်ဖန်တီးနိုင် ခွင့်ရှိကြပါတယ်။
ဒါကြောင့်
အရှက်,အိန္နြေ,သိက္ခာနဲ့
ကိုယ်ကျင့်တရားကိုလွှမ်းခြုံလို့
ကိုယ့်ရဲ့အရည်အသွေးတွေကို
ထက်သထက်ထက်မြတ်အောင်သွေးပြီး
ဘဝကိုလှပအောင်တည်ဆောက်နိုင်ခဲ့ရင်
“အဖိုးထိုက်တဲ့ပန်းတစ်ပွင့်”ဖြစ်လာမှာပါ။
Nan Khin May Win