လိုင်းပေါ်မှာမသင့်တော်တဲ့ပုံတွေတင်တဲ့ ညီမအရင်းကို အစ်ကိုဖြစ်သူမှ လည်ပင်းညှစ်သတ်မှုထောင်ဒဏ်တစ်သက်ချမှတ်

 ပါကစ္စတန်ရဲ့ Kim Kardashianလို့ တင်စားခံခဲ့ရတဲ့ အသက်(၂၆)နှစ်အရွယ် Qandeel Baloch ကို သတ်ဖြတ်မှုမှာ အစ်ကိုဖြစ်သူ Muhammad Waseem ဟာ ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက် စီရင်ခဲ့ကြောင်း သိရပါတယ်။

Mirror မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ Waseem ဟာ ညီမဖြစ်သူ Baloch အနေနဲ့ လူမှုကွန်ရက်မှာ အများကဲ့ရယ်စရာ ဓာတ်ပုံတွေတင်ခဲ့တာကြောင့်၊ ယခင်ကတည်းက ဒီလိုမလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်သတိပေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။


 သို့ပေမယ့် Baloch က လိုက်နာခြင်းမရှိဘဲ သူမကို အားပေးတဲ့ပရိသတ်အကြိုက် မပေါ့တပေါ်ပုံတွေ ဆက်ပြီးတင်ခဲ့တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်တစ်ခွင်မှာတော့ Baloch ကို အရှက်မဲ့သူ၊ အပျက်မ စသဖြင့် ချိုးနှိမ်ပြောဆိုမှုတွေရှိခဲ့ပေမယ့် ပရိသတ်ကတော့ သဘောကျခဲ့ပါတယ်။Waseem ဟာ ညီမဖြစ်သူ Baloch ကို (၂၀၁၆)ခုနှစ် ဇူလိုင်မှာ လည်ပင်းညှစ်သတ်ခဲ့တာပါ။ Baloch ရဲ့ နာမည်အရင်းမှာ Fauzia Azeem ဖြစ်ပြီး၊ လူမှုကွန်ရက်မှာ ကျော်ကြားလာတော့ မော်ဒယ်ဘက်မှာလည်း ရပ်တည်နိုင်ခဲ့ပါတယ်။ အစ်ကို Waseem ကို ပြီးခဲ့တဲ့သောကြာနေ့က ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပါတယ်။


သူမကို သတ်ဖြတ်သူတွေထဲမှာ အစ်ကိုနှစ်ယောက်၊ မောင်ဝမ်းကွဲတစ်ယောက်၊ အိမ်နီးနားချင်းတစ်ဦး၊ ကားဆရာတစ်ဦး၊ ဘာသာရေးခေါင်းဆောင်တစ်ဦးတို့ ပါဝင်ကြောင်း ကနဦးမှာ အမှုဖွင့်ခံခဲ့ရပေမယ့် တရားရုံးက တရားသေလွှတ်ပေးခဲ့ပါတယ်။ Waseem ကလည်း သူသာ လူသတ်တရားခံပါလို့ ဆိုပါတယ်။ဒါပေမယ့် ဒေသခံတွေကတော့ တရားခံ Waseem ကို သူရဲကောင်းအဖြစ် မြှောက်စားနေပြီး၊ မိခင်ကိုယ်တိုင်က သမီးသေဆုံးတဲ့အတွက် သား Waseem မှာ အပြစ်မရှိကြောင်း၊ ဘယ်သူမဆို ဘာသာတရားကို ကိုင်းရှိုင်းရမှာဖြစ်ကြောင်း၊ Waseem က သူ့တာဝန် သူယူသွားတာလို့ ပြောခဲ့ပါတယ်။

cေrd-နသူရိန် D Nae Khit Media